Home ကဗျာရိပ် ငါ့စစ်ကြောရေး

ငါ့စစ်ကြောရေး

96
0
ငါ့စစ်ကြောရေး

ငါ့စစ်ကြောရေး
—————–
နွားအရေကိုပဲခြုံခြုံ
နတ်၀တ်စုံကိုပဲ မြန်းမြန်း
ဘယ်လမ်းကိုပဲ လျှောက်လျှောက်
ဘယ်အဖွဲ့အောက်မှာပဲ သစ္စာခံခံ
ဘယ်အလံကိုပဲ အထွဋ်အမြတ်ထားထား
ဘယ်သဘောတရားကိုပဲ နှစ်သက်နှစ်သက်
ဘယ်သို့သော စကားတွေပဲထွက်ထွက်
မင်းအတွက်နဲ့
ငါတို့ရဲ့လူ့ဘောင်တစ်ကြော
ကမ္ဘာလုံးဆိုင်ရာ မိသားစုသဘော
တိုးတက်၏လော ဆုတ်ယုတ်၏လော
အဲဒီပေတံနဲ့ ငါစစ်ကြောမယ်။ ။

ဇင်ယော်နီ

၂၀၂၀ ဖက်ဖြူဝေရီ ၂၁

LEAVE A REPLY

Please enter your comment!
Please enter your name here