Home ကဗျာရိပ် ပန်းကြဲရထား

ပန်းကြဲရထား

81
0
ပန်းကြဲရထား

ပန်းကြဲရထား

—————-
ဘူတာတွေ
တစ်ခုပြီးတစ်ခုတော့ ဆိုက်ပြီးသွားခဲ့ပြီ။
ဘာကုန်စည်မှမပါ တွဲဟောင်းလောင်းတွေနဲ့
ဆိုက်ခဲ့ရတာတွေကတော့
နှမျောစရာပါပဲ။
ကျွန်တော်ကတော့ဖြင့်
နောက်ဆုံးဘူတာကို မဆိုက်ခင်
နောက်ဆုံးဘူတာအထိ ဘာမှ မပါချင်နေ
တွဲတိုင်းမှာ
ပန်းမျိုးစုံတွေ အပြည့်တင်
ပတ်၀န်းကျင်တစ်ခွင်ကို
ဖြန့်ကြဲပေးခဲ့ချင်တာပါပဲ။

ဇင်ယော်နီ

2019 Nov 17

LEAVE A REPLY

Please enter your comment!
Please enter your name here