Home ဂမ္ဘီရမဟာမြိုင် ငွေဒုက္ခကြုံသော နှစ်

ငွေဒုက္ခကြုံသော နှစ်

171
0

စကားပုံလေးတစ်ခုရှိပါတယ်။ လူက ခြေထောက်နှစ်ချောင်းပဲရှိတာတဲ့။ ငွေက ခြေထောက်လေးချောင်းတောင် ရှိတယ်တဲ့။ လူထက်ပိုပြီး ငွေက အပြေးမြန်တယ်ဆိုတဲ့သဘောပေါ့ဗျာ။ အဲဒီတော့ လူဟာ ငွေနောက်ကို သည်းကြီးမည်းကြီး လိုက်ရတဲ့အခါမျိုးတွေမှာ အမောဆို့ပြီး မသေရုံတမယ်လိုက်ပေမယ့် မှီဖို့ ဘယ်လွယ်ပါ့မလဲ။ အေး… ငွေက ကိုယ့်ကိုပြန်လိုက်ပြီဆိုရင်လည်း မလိုချင်ပါဘူးဆိုရင်တောင်၊ အိပ်နေမယ်ဆိုရင် တောင် အိပ်ရာထဲကနှိုးပြီး ငွေအပေးခံရတဲ့ကိန်းမျိုးပါပဲ။ ဟောသလိုနှစ်အပိုင်းအခြားတွေမှာတော့ ငွေဟာ လိုက်လေပြေးလေ ဖြစ်တတ်ပါတယ်။ ငွေကံ မကောင်းဘူးပေါ့ဗျာ …။ ရှာလို့လည်းမလွယ်၊ ရှိတာတွေကလည်း ဆီလိုအပေါက်ရှာပြီး ထွက်နေတတ်ပါတယ်။

ကံကောင်းထောက်မလို့ ငွေတွေ လုံးခနဲ ဝင်လာပြီဆိုရင်လည်း ကျန်းမာရေးညံ့တာတို့၊ လျော်စရာတို့ …စသည်ဖြင့် ကုန်ပေါက်ကုန်လမ်းတွေ က စောင့်နေတတ်ပါတယ်။ အဲဒါကြောင့် အဲဒီလိုနှစ်တွေမှာတော့ ငွေရှာရခက်မယ့်အပြင် လက်ထဲမှာ ငွေများများရှိမနေရင်တောင် ပိုကောင်းလိမ့်မယ်လို့ ပြောရမှာပါပဲ။ ရှိတဲ့ငွေလေးနဲ့ အရင်းအနှီးပြုပြီး တစ်ခုခု ထူထောင်သင့်ပါတယ်။

တနင်္ဂနွေသားသမီးများ

အသက် ၆ နှစ်၊ ၁၃ နှစ်၊ ၂၂ နှစ်၊ ၃၀ နှစ်၊ ၃၈ နှစ်၊ ၄၆ နှစ်၊ ၅၄ နှစ်၊ ၆၂ နှစ်၊ ၇၀ နှစ်၊ ၇၈ နှစ်၊ ၈၆ နှစ်၊

တနင်္လာသားသမီးများ

အသက် ၅ နှစ်၊ ၁၃ နှစ်၊ ၂၁ နှစ်၊ ၂၉ နှစ်၊ ၃၇ နှစ်၊ ၄၅ နှစ်၊ ၅၃ နှစ်၊ ၆၁ နှစ်၊ ၆၉ နှစ်၊ ၇၇ နှစ်၊ ၈၅ နှစ်၊

အင်္ဂါသားသမီးများ

အသက် ၄ နှစ်၊ ၁၂ နှစ်၊ ၂၀ နှစ်၊ ၂၈ နှစ်၊ ၃၆ နှစ်၊ ၄၄ နှစ်၊ ၅၂ နှစ်၊ ၆၀ နှစ်၊ ၆၈ နှစ်၊ ၇၆ နှစ်၊ ၈၄ နှစ်၊

ဗုဒ္ဓဟူးသားသမီးများ

အသက် ၃ နှစ်၊ ၁၁ နှစ်၊ ၁၉ နှစ်၊ ၂၇ နှစ်၊ ၃၅ နှစ်၊ ၄၃ နှစ်၊ ၅၁ နှစ်၊ ၅၉ နှစ်၊ ၆၇ နှစ်၊ ၇၅ နှစ်၊ ၈၃ နှစ်၊

ကြာသပတေးသားသမီးများ

အသက် ၁ နှစ်၊ ၉ နှစ်၊ ၁၇ နှစ်၊ ၂၅ နှစ်၊ ၃၃ နှစ်၊ ၄၁ နှစ်၊ ၄၉ နှစ်၊ ၅၇ နှစ်၊ ၆၅ နှစ်၊ ၇၃ နှစ်၊ ၈၁ နှစ်၊ ၈၉ နှစ်၊

သောကြာသားသမီးများ

အသက် ၇ နှစ်၊ ၁၅ နှစ်၊ ၂၃ နှစ်၊ ၃၁ နှစ်၊ ၃၉ နှစ်၊ ၄၇ နှစ်၊ ၅၅ နှစ်၊ ၆၃ နှစ်၊ ၇၁ နှစ်၊ ၇၉ နှစ်၊ ၈၇ နှစ်၊

စနေသားသမီးများ

အသက် ၂ နှစ်၊ ၁၀ နှစ်၊ ၁၈ နှစ်၊ ၂၆ နှစ်၊ ၃၄ နှစ်၊ ၄၂ နှစ်၊ ၅၀ နှစ်၊ ၅၈ နှစ်၊ ၆၆ နှစ်၊ ၇၄ နှစ်၊ ၈၂ နှစ်၊

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

LEAVE A REPLY

Please enter your comment!
Please enter your name here