ငါ့စစ်ကြောရေး
နွားအရေကိုပဲခြုံခြုံ
နတ်၀တ်စုံကိုပဲ မြန်းမြန်း
ဘယ်လမ်းကိုပဲ လျှောက်လျှောက်
ဘယ်အဖွဲ့အောက်မှာပဲ သစ္စာခံခံ
ဘယ်အလံကိုပဲ အထွဋ်အမြတ်ထားထား
ငရဲတောင်တန်းပေါ်မှာ ပန်းစိုက်ကြမယ်
ကမ္ဘာ့သမိုင်း အဆက်ဆက်မှာ
ပါပ အရိုင်းသဘက်တွေကလည်း
တစ်ကောင်ကျ တစ်ကောင်တက်၊
မဟာဓမ္မ အကိုင်းအခက်တွေကလည်း
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်၊
မင်းတို့မှာလည်း မင်းတို့အသက်နဲ့
ငါတို့မှာလည်း ငါတို့အသက်နဲ့
ယနေ့သံဝေဂ
ယနေ့သံဝေဂ
...
သေတဲ့အခါ
ဘာမှ
ပါမသွားဘူးဆိုတာကတော့ ဟုတ်ပါရဲ့။
ပါတာ မပါတာက တစ်ကဏ္ဍ
ဘာ ချန်ရစ်မယ် ဆိုတာလေးလည်း
တွေးသင့်ပါရဲ့။ ။
ဇင်ယော်နီ
၂၀၁၉ ဒီဇင်ဘာ ၃၀